Home Blog

Power Mobile Centre မှ ရောင်းချပေးနေသော ငွေဖြည့်ကဒ် Percent (%) ဈေးနှုန်းများ (20.12.2013)
...........................................................................................................

(% အပြောင်းအလဲ ရှိပါသည်..)

GSM, WCDMA, CDMA (800) MHz နှင့် CDMA (450) MHz ငွေဖြည့်ကဒ်တို့ကို (၁၀) ကဒ်

(သို့မဟုတ်) (၁၀) ကဒ်နှင့်အထက် ၀ယ်ယူပါက 3.3 % ဖြင့် လက္ကား ရောင်းချပေးနေပါသည်။


၅၀၀၀ တန် MEC Tel ငွေဖြည့်ကဒ်များကို (၁၀)ကဒ် (သို့မဟုတ်) (၁၀)ကဒ်နှင့်အထက် ၀ယ်ယူပါက

4.5 % ဖြင့် လက္ကား ရောင်းချပေးနေပါသည်။

 

၁၀၀၀၀ တန် MEC Tel ငွေဖြည့်ကဒ်များကိုလည်း (၁၀)ကဒ် (သို့မဟုတ်) (၁၀)ကဒ်နှင့်အထက် ၀ယ်ယူပါက

5.5 % ဖြင့် လက္ကား ရောင်းချပေးနေပါသည်။

 

ငွေဖြည့်ကဒ်များကို ၀ယ်ယူလိုပါက မန္တလေးမြို့ရှိ မည်သည့် Power Mobile Centre

ဖုန်းဆိုင်တိုင်းတွင်မဆို လက်လီ/လက္ကား ၀ယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


* လမ်း (၃၀) " Power Mobile Centre " ၊ ၇၂ x ၇၃ ကြား ၊ မန္တလေးမြို့။ ဖုန်း - 09 433 10000

* (၈၄) လမ်း " Power Mobile Centre " ၊ ၄၀ x ၄၁ ကြား ၊ မန္တလေးမြို့။ ဖုန်း - 09 433 20000

* (၃၅) လမ်း " Power Mobile Centre " ၊ ၇၄ x ၇၅ ကြား ၊ မန္တလေးမြို့။ ဖုန်း - 09 433 30000

* (၆၂) လမ်း " Power Mobile Centre " ၊ မနော်ဟရီလမ်း ၊ ၆၁ x ၆၂ ကြား ၊ မန္တလေးမြို့။

ဖုန်း - 09 433 40000

* (၁၂) လမ်း " Power Mobile Centre " ၊ ၈၀ x ၈၁ ကြား ၊ မန္တလေးမြို့။ ဖုန်း - 09 680 3285

* (၂၂) လမ်း " Power Mobile Centre " ၊ ၂၂ လမ်း x ၈၈ လမ်းထောင့် ၊ မန္တလေးမြို့။

ဖုန်း - 09 433 50000

* (၅၈) လမ်း " Power Mobile Centre " ၊ ၅၈ လမ်း × အောင်ဆန်းလမ်းထောင့် ၊ မန္တလေးမြို့။

ဖုန်း - 09 33333 258

ပုံမှာပြထားတဲ့အတိုင်း မိမိဖမ်းချင်သော screen ပေါ်က

ပုံရိပ်ကို Home + Power button ကိုတွဲနှိပ်၍ ဖမ်းနိုင်ပါတယ်။

မိမိဖမ်းလိုက်သော screen shot ကို Gallery ထဲမှာ

သွားရောက်ကြည့်ရူနိုင်ပါတယ်။

မျက်မမြင်များအတွက် မိုဘိုင်းဖုန်း


မျက်မမြင်တွေ အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်း ဆိုပြီး ဒီဇိုင်နာ Peter Lau က တီထွင်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့လိုအပ်တဲ့ Feature နဲ့ UI တွေ အစုံအလင် ပါရှိပါတယ်။ ဖုန်းခလုပ်နှိပ်ဖို့အတွက်ကလည်း နိုင်ငံတကာ မျက်မမြင် သင်္ကေတ စနစ်ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ် ကူကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Message လည်း ပို့လို့ရပါတယ်။ မျက်မမြင်တစ်ယောက်အနေနဲ့ ဒီလောက် Function စုံစုံလင်လင်ဖုန်း အသုံးပြုခွင့်ရဖို့ဆိုတာ ဒီဖုန်းနဲ့မှ ပထမဆုံး ဖြစ် မယ်ထင်ပါတယ်။ ဒီဇိုင်းအရသာ ရှိသေးပေမယ့် အသုံးပြုရမယ့် နည်းပညာ များက အဆန်းအပြားတွေ သိပ်မပါတဲ့အတွက် ၂၀၁၃ ခုနှစ်အတွင်းတောင် ထုတ်လုပ်နိုင်ချေ ရှိတဲ့ ဖုန်း ဖြစ်ကြောင်း သိရပါတယ်။

-----------

Ref: engadget

ဆန်းဖရန်စစ္စကိုမှာ ကျင်းပခဲ့တဲ့ Goole I/O တွေ့ဆုံပွဲမှာ နည်းပညာ ကုမ္ပဏီကြီးဟာ ၄င်းတို့ရဲ့ Google Wallet အတွက် ပိုပြီး လူကြိုက်များလာမယ့် Feature ကို ကြေညာခဲ့ပါတယ်။ Google Wallet ဟာ အရှိန်အဟုန်မြင့် ထွန်းကားလာပြီး ပိုက်ဆံပေးဖို့အတွက် သင့်ရဲ့ဖုန်းကို အရာဝတ္ထုတွေနဲ့ ထိတွေ့ပေးရုံသာ မဟုတ်တော့ပါဘူး။

ဗုဒ္ဓဟူးနေ့က Google ဟာ ၄င်းတို့ရဲ့ ၀န်ဆောင်မှုကို အင်တာနက်ပေါ်၌ပိုပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုလာစေနိုင်မယ့် ကြေညာချက်များ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း NFC ကို စွန့်ခွာသွားတာ မဟုတ်ကြောင်းနဲ့ Wallet ရဲ့ သုံးစွဲသူအတွေ့အကြုံကို ပိုကြွယ်ဝလာအောင် ပြုလုပ်ပေးခြင်းသာ ဖြစ်တယ်လို့ဆိုပါတယ်။ NFC ကို နေရာတိုင်းမှာ အသုံးမပြုနိုင်သေးဘဲ စမတ်ပစ္စည်းတော်တော်များများမှာလည်း မပါဝင်သေးဘူးလို့ မှတ်ချက်ချခဲ့ပါတယ်။

ဒါပေမယ့်လည်း NFC ရဲ့ ခေတ်ရောက်ရှိလာမယ်လို့ ယုံကြည်ကြောင်းတော့ ၄င်းတို့မှဆိုပါတယ်။ အနာဂါတ်နည်းပညာ ထွန်းကားလာတဲ့ခေတ်မှာ စမတ်ဖုန်းနဲ့ ငွေချေဖို့အသုံးပြုတဲ့စနစ်ဟာ ပိုပြီးအသုံးဝင်လာမယ်လို့လည်း ခန့်မှန်းချက်ထုတ်ပြန်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Google ဟာ အွန်လိုင်းဝယ်ယူမှု အတွေ့အကြုံကို ပိုပြီးထိရောက်စွာ အသုံးပြုနိုင်ပြီဖြစ်ကာ မိုဘိုင်းစက် ပစ္စည်းများမှာသာမက ကွန်ပျူတာဖြင့်ပါ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ အဓိက Feature အသစ်ကတော့ Google Wallet မှ ပိုက်ဆံများကို E-mail မှ တဆင့် အချင်းချင်း လွှဲယူနိုင်ခြင်းပါ။ ဒါ့အပြင် Google Wallet ကို အသုံးပြုပြီး Android App တွေနဲ့ အွန်လိုင်း ဈေးဝယ်ဝက်ဘ်ဆိုက်တွေမှာ အလွယ်တကူဝယ်ယူနိုင်အာင် ပြုလုပ်ပေးလာမယ်လို့ သိရှိရပါတယ်။ E-mail နဲ့ ငွေလွှဲနိုင်မယ့်စနစ်ဟာ ၄င်းတို့ရဲ့ ကြေညှာုများအနက် စိတ်ဝင်စားမှုအများဆုံးဖြစ်ပြီး မိမိရဲ့ သူငယ်ချင်း သို့မဟုတ် တစ်စုံတစ်ယောက်ဆီကို E-mail အတွင်းမှ ဓာတ်ပုံ သို့မဟုတ် Doc တစ်ခု တွဲပြီးပို့သလို အလွယ်တကူ ငွေလွှဲနိုင်မှာ ဖြစ်ပါတယ်။

 

Ref & Credit to Mobile Guide Journal

မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိုမ့်လိုပါ။